စင်္ကာပူမှလူငယ်များရဲ့"ကရုဏာပရဟိတပညာရေး၊ကျမ္မာရေးဖောင်ဒေးရှင်းကိုလစဉ်မိဘမဲ့ကလေး
ငယ် အလယ်တန်းနှင့်အထက်တန်းကျောင်းသူ/ကျောင်းသားအယောက်(၂၀)အတွက်စက်တင်ဘာ
လလှူဒါန်းအတွက်ကလေးငယ်လေးတွေရဲ့ကိုယ်စားပြန်လည်ပေးအပ်သောမှတ်တမ်းတင်ဂုဏ်ပြု
လွှာ"လေးဖြစ်ပါတယ်။သာဓုခေါ်ကြစေချင်လို့ပါဗျာ။ ။
ရန်ငြိမ်းသူ(ပရဟိတ)
တန်ဆည်မြို့နဲ့အလွန်ဝေးကွာသော
ဝိုင်းကြိုရွာလေးမှာမူလတန်းပညာသင်ယူနေသောကလေးငယ်လေးများအားကျောင်းသုံးပစ္စည်းများ လျပ်စစ်မီးမရှိသည့်အတွက်ဆိုလာ
ပြားနှင့် ဘက်ထရီအိုးများ မီး
ပြောင်းများ အဟာရဒါနများကျွေး
မွေးခြင်းများကိုကုသိုလ်ပြုပေးခဲ့
ကြပါတယ်။ ။
ချောင်းရေတွေကျနေတဲ့အခြေအနေမှာတောင်ပညာရေးကိုမိုးထဲရေထဲပင်ပန်းခက်ခဲစွာသွားနေရရှာတဲ့
ဝိုင်းကြိုရွာလေးမှယမုံတောင်ကျေးရွာကိုနေ့စဉ်ကျောင်းပညာရေးကို
သင်ယူနေသောအလယ်တန်းအထက်တန်းကျောင်းသားလေးတွေရဲ့
စိတ်ဓါတ်ကိုလေးစားမိလို့ရိုက်ခဲ့မိတဲ့မှတ်တမ်းတွေထဲကတစ်ပုံပါ။။
ဂရုဏာ ပညာရေး ကျမ်းမာရေး ဖောင်ဒေးရှင်းမှ ချောင်းရိုး အ-ထ-က မိဘမဲ့ကလေးများ နှင့် ဆင်းရဲနွမ်းပါးကလေးများအား ကျောင်းသုံး စာရေးကိရိယာများ လှူဒါန်းစဉ်
စက်တင်ဘာ ၁၇၊၁၈ ရက်တွေမှာတန့်ဆည်အ ထ က နှင့်ချောင်းရိုးကျေးရွာ အ ထ က စာသင်
ကျောင်းတွေမှာပညာသင်ကြားနေလျက်ရှိသောမိဘမဲ့ကျောင်းသူ/ကျောင်းသားများနှင့်အမှန်တက
ယ်ဆင်းရဲနွမ်းသောကလေးငယ်ကျောင်းသူ ကျောင်းသားစုစုပေါင်း၁၀၅ ယောက်တို့အားကျွန်
တော်တို့ကရုဏာပရဟိတပညာရေး၊ကျမ္မာရေးဖောင်ဒေးရှင်းမှကျောင်းသုံးပစ္စည်များကိုသွားရောက်
လှူဒါန်းပေးခဲ့ကြပါတယ်။မူလတန်းမှအထက်တန်းအဆင့်အထိကလေးငယ်တွေပညာသင်ကြားတဲ့
အခုလိုအချိန်မှာသူတို့လေးတွေဟာအခက်အခဲတွေနဲ့ကြုံတွေ့နေရကြောင်းတချို့မိဘမဲ့ကလေး
တွေဆိုရင်ရေးစရာခဲတံလေးတွေဟာရေးရင်းကုန်နေလို့တကယ့်ကိုအတိုလေတွေကိုလက်နဲ့ဖိပြီးရေး
နေကြရတဲ့အဆင်တောင်ရောက်နေတာ၊ဗလာစာအုပ်လေးတွေကြည့်လိုက်ရင်လည်းတော်တော့်ကို
အညံ့စားတွေကိုမရှိမယ့်ရှိမဲ့ငွေကြေးလေးတွေနဲ့ဝယ်ပြီးသုံးနေရတော့စာမျက်နှာတွေကတအားကို
ပါးလျပြီးဒီဘက်စာမျက်နှာရေးပြီးရင်ဟိုတစ်ဖတ်စာမျက်နှာကရေးလို့တောင်မရတော့ဘူးလေ။
တကယ့်ကိုဆင်းရဲရှာကြတာလေ။တစ်ချူကြပြန်တော့မိဘတွေကတော့ရှိကြပါရဲ့မိသားစုရဲ့မနက်စာနဲ့ညစာဝမ်းဝဖို့ရုန်းကန်နေရတာနဲ့
သူတို့သားသမီးတွေရဲ့ပညာရေးအသုံးအဆောင်လိုအပ်ချက်တွေကို
မဖြည့်ဆည်းပေးနိုင်ကြဘူးလေ။
သူတို့လေးတွေအတွက်အခုလိုလာလှူဒါန်းတာကျမတာဝန်ထမ်းဆောင်ခဲ့တဲ့(၁၅)နှစ်တာကာလအတွင်းတစ်ကြိမ်တစ်ခါမှမကြုံဖူးခဲ့တာအမှန်ပါ။သက်ဆိုင်ရာဌာနတွေ
ကလာရောက်ပြီးလှူဒါန်းတာတွေတော့ကြုံခဲ့ဖူးတယ်။အခုလိုထိရောက်မှုမရှိဘူး။လှူတာကနည်း
နည်းမှာကြားတာတွေကအများသားလေ။ဒါကြောင့်ကျမတကယ့်ကိုကလေးတွေရဲ့ကိုယ်စားဝမ်း
သာလွန်းလို့မျက်ရည်တောင်လည်မိပါတယ်လို့ကျောင်းအုပ်ဆရာမကြီးကပွင့်လင်းစွာပဲလှူဒါန်းပွဲ
အခမ်းအနားမှာပြောကြားပါတယ်။ကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့ကတော့ကလေးတွေသိမ်ငယ်
စိတ်တွေမထားဖို့နဲ့စိတ်ဖိစီးမှုတွေကင်းဝေးပြီးပညာရဲ့တန်ဖိုးကိုသိပြီးကျောင်းစာသင်ချိန်တွေမှာ
ဂရုတစိုက်ကြိုးစားသင်ယူဖို့နဲ့အားလပ်ချိန်တွေမှာပြင်ပသုတ၊ရသစာပေတွေလေ့လာဆည်ပူးကြဖို့
နွေးထွေးစွာအကြံပြုပြောကြားခဲ့ပါတယ်။အခုလိုကလေးငယ်တွေကိုလှူဒါန်းနိုင်ဖို့တက်နိုင်တဲ့ဘက်
ဝိုင်းဝန်းပံ့ပိုးလှူဒါန်းကြပေးကြတဲ့ဖောင်ဒေးရှင်းမှညီငယ်၊ညီမငယ်များနဲ့
ရန်ကုန်မြို့မှမိုးရွာမရှောင်နေပူမရှောင်အလှူခံပေးပြီးကျောင်းသုံးပစ္စည်းတွေကိုလိုအပ်သလိုပို့ပေးပြီးဠှူဒါန်းပေးနေတဲ့ညီမငယ်
မယုယုမိုးနှင့်အလှူရှင်များ၊စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ညီငယ်၊ညီမငယ်တွေဖွဲ့စည်းထားတဲ့(Youth
Education foundatio)Y.E.F အဖွဲ့မှတစ်လလျင်ကလေးငယ်(၂၀)အတွက်မှန်မှန်လှူဒါန်းပေး
မှုတွေကြောင့်အခုလိုလှူဒါန်းပေးနေနိုင်တာဖြစ်ပါတယ်။ကျွန်တော့်အနေဖြင့်လည်းစာပေဟောပြောပွဲ
တွေကတဆင့်ရရှိတဲ့ငွေကြေးတစ်ဝက်ကိုလည်းကလေးငယ်တွေအတွက်မြှုပ်နှံပြီးမတည်လှူဒါန်း
ပေးနေလျက်ရှိပါတယ်။ညီ့းခဲ့တဲ့နှစ်ကလည်းမလေးရှားရောက်ကိုကျော်မိုးနှင့်တန့်ဆည်မြို့နယ်က
ညီအစ်ကိုတွေကအလှူငွေ(၆)သိန်း(၅)သောင်းကိုမိဘမဲ့ကလေးငယ်တွေအတွက်လှူဒါန်းပေးခဲ့ကြပါသေးတယ်။
ဒါကြောင့်အလှူရှင်တွေရဲ့စစ်မှန်သောစေတနာတွေကိုကျွန်တော်တို့ဖောင်ဒေးရှင်းမှ
အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုနေလျက်ရှိကြောင်းကိုလည်းအသိပေးပြောကြားလိုပါတယ်။
ကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့လည်းဒီကလေးငယ်လေးတွေရဲ့ဘ၀ကိုပညာဖြင့်တစ်ဆင့်မြှင့်
တင်ပေးနိုင်ဖို့မိုင်တွေများစွာဖြတ်သန်းကြရပေဦးမည်လေ။ဒါကြောင့်အွန်လိုင်းပေါ်မှမိတ်ဆွေ၊သူငယ်ချင်းအပေါင်းနဲ့အလှူရှင်အပေါင်းတို့ခင်ဗျား
ကလေးတွေရဲ့အနာဂတ်လပစေဖို့ကျွန်တော်တို့တွဲလက်
တွေခိုင်မြဲကြပါစို့လားဗျာ။ ။
ရန်ငြိမ်းသူ(ပရဟိတ)
ဥက္ကဌ
(ကရုဏာပရဟိတပညာရေး၊ကျမ္မရေးဖောင်ဒေးရှင်း)

 သို့
    တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်

   တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး

    ကာကွယ်ရေးဦးစီးဌာန
    နေပြည်တော်
                              
                                                                                                                                            ရက်စွဲ-20.5.2013
အကြောင်းအရာ။        ။ အသနားခံစာတင်ပြခြင်း။
၁။ ကျွန်တော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ဖလံချိုင်ကျေး
ရွာမှ ဦးချစ်ဆွေဖြစ်ပါသည်။
၂။ အမှတ်(၅)စစ် အခြေခံလေ့ကျင့်ရေးတပ် (ရေနီ) မှ ဗိုလ်မှူးကြီးဌေးဝင်းသည် ကျွန်တော်နှင့်ညီအစ်ကိုဝမ်း
ကွဲတော်စပ်ပြီး တစ်ရွာတည်းနေ ဖလံချိုင်ကျေးရွာဇာတိဖြစ်ပါသည်။
၃။ ဖြစ်စဉ်မှာ ဗိုလ်မှူးကြီးဌေးဝင်း၏ညီ(အရင်း)
ဖြစ်သူ ဦးသိန်းဝင်းသည် ကျွန်တော်၏သားဖြစ်သူမောင်မင်း
လတ်အား ငွေကျပ်သိန်း(၄၀)ပေးရန်ရှိပါသည်
။ အဆိုပါငွေကျပ်သိန်း(၄၀)ကို မောင်မင်းမင်းလတ်ကပြန်
လည်ပေးဆပ်ရန်တောင်းခံကာ ဦးသိန်းဝင်းက ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ မပေးဘူးကွ မပေးတော့ မင်း
ဘာလုပ်ချင်သလဲ ငါ့အကို ဗိုလ်မှူးကြီးဌေးဝင်းရှိတယ်ကွ ငါလုပ်ခဲ့တဲ့ အမှုမှန်သမျှ ငါ့အကို ဗိုလ်မှူးကြီးဌေး
ဝင်းက ရှင်းလင်းပေးတာကွ ဟု ခြိမ်းခြောက်ကြိမ်းဝါးခဲ့ပါသည်။
ဦးသိန်းဝင်းကျူးလွန်ခဲ့သည့်ပြစ်မှုများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ဖလံချိုင်ကျေးရွာမှ ဦးညွန့်ဆိုသူအား ကိုယ်လက်အင်္ဂါချွတ်ယွင်းသည့်အထိ လက်ရောက်မှု ကျူး
လွန်ခြင်း။
(ခ) မိုးကုတ်မြို့ ကျောက်တူးသွားစဉ် လုပ်ဖော်ကိုင်ဖက် (အမည်မသိ)အား လုပ်ကြံသတ်ဖြတ်ပြီးထွက်
ပြေးတိမ်းရှောင်မှု။
(ဂ) ကျွန်းလှမြို့ မော်ကယ်ဒေသ ရေနံရပ်ကွက်တွင် နနွင်းတော ရွာမှ လုပ်ဖော်ကိုင်ဖက် (အမည်မသိ)
အား ကိုယ်လက်အင်္ဂါချွတ်ယွင်းသည် အထိကျူးလွန်ခြင်း ။
(ဃ) တန့်ဆည်မြို့နယ် ငတန်းကျေးရွာမှ ဦးတင်သန်းဆိုသူအား ကိုယ်လက်အင်္ဂါချွတ်ယွင်းသည်အထိ
ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း။
(င) ဖလံချိုင်ရွာမှ ဦးချစ်လှ၏သား ဦးမြင့်လွင်အား ကိုယ်အင်္ဂါ ချွတ်ယွင်းသည်အထိကိုယ်ထိလက်ရော
က်
ကျူးလွန်ခြင်း။
(စ) ချောင်းဆုံ(တ)ကျေးရွာမှ ဦးတုတ်ဆိုသူအား ရိုက်နှက်မှုကျူးလွန်ခြင်း။ တရွာတည်းနေ ကျွန်တော်
၏သား မောင်မင်းမင်းလတ်အား ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုဖြစ်ပါသည်။
၎။ ဖြစ်စဉ်အသေးစိတ်မှာ အထက်အပိုဒ် (၃) ဖော်ပြအတိုင်း အခြေခံခဲ့ပြီး (၂၁.၄.၂၀၁၁) ရက်နေ့ည
ဖလံချိုင်ကျေးရွာ ရွာဦးကျောင်းတွင် ရှင်တရာ အလှူပွဲ ကျင်းပပြုလုပ်နေစဉ် မောင်မင်းမင်းလတ်သည်
လျှပ်စစ်မီးတာဝန်နှင့် ဘုန်းကြီးကျောင်း ဝေယျာဝစ္စ တာဝန်ထမ်းဆောင်ရပါသည်။အဆိုပါညတွင် မုံရွာ
မြို့ အောင်ပွဲသဘင်ဇာတ်အဖွဲ့ဖြင့်ဧည့်ခံဖျော်ဖြေနေစဉ် ပွဲအုပ်ရုံးတဲ တရှေ့ရှိ လျှစ်စစ်မီးကြိုးများစစ်ဆေး
နေစဉ် ဦးသိန်းဝင်းက မောင်မင်းမင်းလတ်အား ဓါးဖြင့်ထိုးခဲ့ရာ အနီးနားရှိ ဦးကံကြီးမောင်ကအော်ဟစ်
အကူအညီတောင်းခံရာတွင် ဦးကံကြီးမောင်ကိုလည်း ဓားဖြင့်ထိုးခဲ့ပြန်ပါသည်။ အဆိုပါည ဓားထိုးမှု မကျူးလွန်မိ အချိန် က ဦးသိန်းဝင်းသည် ၄င်းနေအိမ်တွင် ဒုရဲအုပ်နှင့် တပ်ဖွဲ့ ၀င်များအား အရက်ဖြင့်
ဧည့်ခံနေသည်ကို တွေ့ရှိ ရပါသည်။ ဓားထိုးမှုဖြစ်ပွား သည့်နေရာ သည် ပွဲအုပ်ရုံးနှင့် နီးကပ်လျှက်ရှိ
သော်လည်း ရဲများမရှိသဖြင့် ယခုခဲ့သို့ ဓားထိုးခံရခြင်းဖြစ်ပါသည်။ ယခုဖြစ်စဉ်အား အမှုဖြင့်တရားစွဲ
ဆိုရာတွင် ဒုရဲအုပ်မှ ငွေကျပ်သိန်း(၁၀၀) တောင်းခံရာ မင်းမင်းလတ်၏အမဖြစ်သူ ဒေါ်ခင်နှင်းငွေ မှ
ငွေကျပ် ငါးသောင်း တောင်းပန်ပြီး ပေးလိုက်ရပါသည်။ ဒုရဲအုပ်မှ ငွေပေးတာနည်းတယ် မင်းတို့ငါ့
အကြောင်း သိစေရမယ်လို့ ကြိမ်းမောင်းခဲ့ပါသည်။ ဒုရဲအုပ်အား ငွေကျပ် ငါးသောင်းပေးခဲ့ရသသည့် 
အတွက် အမဖြစ်သူ ဒေါ်ခင်နှင်းငွေက အထက်ဌာနကြီးများသို့ အဆင့်ဆင့် တိုင်ကြားခဲ့သော်လည်း ထိ
ရောက်စွာအရေးယူခဲ့ခြင်းမ ရှိခဲ့ပါ။ ဒေါ်ခင်နှင်းငွေ တိုင်ကြားချက်ကို ဒုရဲအုပ် မှ မကျေနပ်သကဖြင့်ဦး
သိန်းဝင်း၏ အကိုကြီး ဗိုလ်ကြီးဝင်းမောင် (ငြိမ်း) နှင့် ဆဖတ /(၅)မှ ဦးသိန်းဝင်း၏ အကို (ဒုတိယအကို ကြီး) ဗိုလ်မှူးကြီးဌေးဝင်းတို့က မောင်မင်းမင်းလတ်သည် ဦးသိန်းဝင်း၏ ဇနီး ဒေါ်တင်မိ အသက် (၅၆)
နှစ်ဆိုသူအား မုဒိန်းကျင့်လို့ ဓားဖြင့် ထိုးရသည်ဟု ပူးပေါင်းကြံစည်ပြီး တရားစွဲဆိုခံခဲ့ရပါသည်။ အဆို
ပါပူးပေါင်းကြံစည်သည့် အစီအမံအား တစ်ရွာတည်းနေ မောင်နိုင်မင်းဦးဆိုသူက စုံစမ်းစစ်ဆေးရေး
ခုံရုံးတွင် ထွက်ဆို အစစ်ဆေး ခံပြီးဖြစ်ပါသည်။
၅။ ဦးသိန်းဝင်းသည်ဓါးထိုးမှုဖြစ် ယခု ရွှေဘို အကျဉ်းထောင်တွင် ပြစ်ဒဏ်ခံနေရဆဲ ဖြစ်ပါသည်။
၆။ ဦးသိန်းဝင်း၏ ဇနီး ဒေါ်တင်မိ က မောင်မင်းမင်းလတ်အား ဆဲဆိုသည့် မုဒိန်းမှုသည် မြို့နယ်ဆရာ
ဝန်၏ ဆေးစစ်ချက်တွင် မုဒိန်းမှု ကျူးလွန်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မုဒိန်းမှုကျူးလွန်
ပါသည် ဆိုသည့်နေရာသည် စက်ကွင်းနှင့် ဖလံချိုင်ကျေးရွာ ကြားလမ်းမ ပေါ်တွင် ဖြစ်ပြီး ပွဲသွားပွဲလာ
လူသူလေးပါး သွားလာသည့် အထင်ကရနေရာဖြစ်သည့်အပြင် နွေစပါးစိုက်ပျိုးရန် ကင်းတပ်ရေလွှဲ ဆည်မှ ရေလွှတ်နေသည့်အချိန်ကာလဖြစ်ပြီး အဆိုပါ နေရာသည် ရေများ စီးဆင်းနေသည့်နေရာလည်း
ဖြစ်သည်။
၇။ အဆိုပါလုပ်ကြံဖန်တီးဆွဲဆိုသည့် မုဒိန်းမှုနှင့် ပါတ်သတ်ပြီးဦးသိန်းဝင်း၏ အကိုဖြစ်သူ ဗိုလ်မှူးကြီး ၀င်းမောင်(ငြိမ်း) က ဒီအမှုကို မင်းတို့မြို့နယ် တရားရုံး ခရိုင်နှင့်  တိုင်းဒေသကြီးလွှတ်တော်က ဘယ်လို
အမိန့်မျိုးပဲ ချပေးစေ နေပြည်တော် ဗဟိုတရားရုံရောက်လျှင် ငါတို့နိုင်အောင်လုပ်ပြမယ်။ ငါ့ညီ ဗိုလ်မှူး
ကြီးဌေးဝင်းရှိတယ် ငါ့ညီက နေပြည်တော် တရားရုံးချုပ်ကို ပိုင်တယ် ရှေ့နေရုံးချုပ်ကိုလည်းပိုင်တယ်
အရင်ဖြစ်ခဲ့တဲ့အမှုတွေကိုလည်း ငါ့ညီ ဗိုလ်မှူးကြီးဌေးဝင်းကပဲ အနိုင်ရအောင်လုပ်ပေးခဲ့တယ် ကွဟု
ကြွေးကြော်ခဲ့ပါသည်။
၈။ အဆိုပါလုပ်ကြံဆွဲဆိုသည့်မုဒိန်းမှုသည် မြို့နယ်တရားရုံး ခရိုင်တရားရုံးနှင့်တိုင်းဒေသကြီး တရား
လွှတ်တော်အဆင့်ထိ အဖြစ်မှန်ပေါ်ပေါက်သဖြင့် အမှုအား ပလက် ခဲ့သော်လည်း နေပြည်တော်ရှိ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက မောင်မင်းမင်းလတ်အား ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်
ခြင်းခံရပါသည်။ပြည်ထောင်စု တရားလွှတ်တော်၏ အမိန့်တွင် ဒီအမှုနှင့် ပါတ်သတ်ပြီးပြည်ထောင်စု ရှေ့
နေရုံးချုပ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဆိုသူက မကျေနပ်ဟု ဖော်ပြထားပါသည်။
၉။ ဒေါ်တင်မိ စွဲဆိုသည့် မုဒိန်းမှုသည် ဒုရဲအုပ် နှင့် ဗိုလ်ကြီးဝင်းမောင်(ငြိမ်း) စခတ(၅) ရေနီမှ ဗိုလ်မှူးကြီး
ဌေးဝင်းတို့သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ပူးပေါင်းကြံ
စည်ပြီး မတရားသဖြင့် အနိုင်ကျင့်ကြောင်း ဗိုလ်ကြီးဝင်းမောင် (ငြိမ်း) နှင့် ဒုရဲအုပ် တို့၏ ခြိမ်းခြောက်
ပြောဆို ချက်များနှင့် ကိုက်ညီနေသည်ကို တွေ့ရှိရပါသည်။
၁၀။ စခတ (၅)မှ ဗိုလ်မှူးကြီးဌေးဝင်း၏လုပ်ရပ်သည် တပ်မတော်အပေါ် ပြည်သူလူထု၏ ကြည်ညိုလေး
စားမှုကို နည်းပါးစေပါသည်။
၁၁။ သို့ဖြစ်ပါ၍ အဆိုပါအမှုနှင့် ပါတ်သတ်ပြီး ဖြစ်ရပ်မှန်အတိုင်း အမေ့အား ပြင်ဆင် အတည်ပြုချက် ရရှိ
ရေး စခတ(၅) မှ ဗိုလ်မှူးကြီးဌေးဝင်းအား ညွှန်ကြားပေး ပါရန် အသနားခံတင်ပြအပ်ပါသည်။
၁၂။ အကယ်၍ ဗိုလ်မှူးကြီး ဌေးဝင်းက အမှုအား အမှန်အတိုင်း ပြင်ဆင်ပေးနိုင်ခြင်းမရှိပါက လူထုအင်
အားအလုံးအရင်းဖြင့် စုစည်းပြီး ရေနီမြို့ရှိ အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ ချီတက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြအပ်ပါသည်။


                                                                                        ဦးချစ်ရွှေ
                                                                                      ၅/တဆန(နိုင်)၀၀၉၄၁၁
                                                                                  ဖလံချိုင်ကျေးရွာ၊တန့်ဆည်မြို့နယ်  
                              
                                                                                   စစ်ကိုင်းတိုင်ဒေသကြီး

                                                       Teen မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်.......

အုတ်တစ်ချပ် သဲတစ်ပွင့် ကဏ္ဍအတွက် လစဉ်ဖော်ပြ ပေးဖြစ်နေတဲ့ လူငယ် ပရဟိတ အဖွဲ့တွေ ထဲမှာ ရန်ကုန်က အဖွဲ့တွေက အများစု ဖြစ်နေပါတယ်။

ဒီကဏ္ဍဟာ နိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ လူငယ် ပရဟိတ အဖွဲ့တွေကို ဖော်ပြ ပေးသွားဖို့ ရည်ရွယ်ထား တာပါ။ တတ်နိုင်သလောက် နယ်ကအဖွဲ့ တွေနဲ့လည်း ဆက်သွယ်ဖော်ပြ ပေးသွားဖို့ ကြိုးစား နေပါတယ်။  ဒီလ အတွက်တော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည် မြို့နယ်မှာ ရှိတဲ့ လမ်းဆုံ မြို့နယ်က လူငယ် ပရဟိတ အဖွဲ့အကြောင်း ဖော်ပြဖို့ရွေးချယ်ထား ပါတယ်။

ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့ကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးများက၂၀၀၁ ခုနှစ်၊ ဇွန်လ ၅ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့ပါတယ်။ ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့ရဲ့ ပထမဆုံး လှုပ်ရှားမှု ကတော့ သက်ကြီး ပူဇော်ပွဲ ဖြစ်ပါတယ် သက်ကြီး ပူဇော်ပွဲကို အဖွဲ့စတင် ဖွဲ့စည်းချိန်က စပြီး အခု အချိန်ထိ နှစ်စဉ် နှစ်ဆန်း နှစ်ရက်နေ့ ရောက်တိုင်း ကျင်းပလေ့ ရှိပါတယ်။ နှစ်စဉ် အသက် ၈၀နှင့် အထက် အဘိုး၊ အဘွား ၁၀၀ နီးပါးကို ဆေးဝါးများ၊ အသုံးအဆောင် ပစ္စည်းများ၊ တရား စာအုပ်များ၊ အခွေများနဲ့ ကန်တော့ပြီး၊ အသက် ၁၀၀နှင့် အထက် သက်ကြီး ဘိုးဘွားများကို ကန်တော့ဖွယ် ပစ္စည်းများ အပါအ၀င် ငွေကျပ် သုံးသောင်းစီနဲ့ အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ကြ ပါတယ်။

“အရင်က တန့်ဆည်မြို့ရဲ့ ပတ်ဝန်းကျင်မှာ အခုလိုမျိုး လူငယ် ပရဟိတ အဖွဲ့တွေ မရှိခဲ့ ပါဘူး။ မြို့နဲ့ ပတ်ဝန်းကျင်မှာ ကထိန်ပွဲ၊ ဘာသာရေး ပွဲတွေ ရှိခဲ့ပေမယ့် လူကြီး တွေကပဲ ဦးဆောင်ပြီး လုပ်ခဲ့ကြတာ များပါတယ်။ လူကြီးတွေ ကလည်း လူငယ်တွေနဲ့ ပူးပေါင်းပြီး လုပ်ကြတာ သိပ်မတွေ့ ရဘူး။ လူငယ်တွေ ကလည်း လူမှုရေး လုပ်ငန်းတွေမှာ စိတ်ဝင်စား လာအောင်၊ တစ်ဦး တစ်ယောက်က ခိုင်းလို့၊ လမ်းညွှန်လို့၊ အမိန့်ပေးလို့ လုပ်ရတာမျိုး မဟုတ်ဘဲ ကိုယ့်အသိ စိတ်ဓါတ်နဲ့ကိုယ် အလုပ် တစ်ခုကို လူငယ်တွေ ကိုယ်တိုင် ဦးဆောင်နိုင်အောင် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်တယ်”လို့ ဒီအဖွဲ့ရဲ့ ဦးဆောင်သူ ကိုရန်နိုင် (ရန်ငြိမ်းသူ၊ တန့်ဆည်၊)က ပြောပါတယ်။

ကရုဏာ သွေးလှူရှင်များ(ပရဟိတ) အဖွဲ့ အနေနဲ့ နောက်ထပ် လှုပ်ရှားမှု တစ်ခုကတော့ စာပေသိုက်လို့နာမည် ပေးထားတဲ့ စာကြည့်တိုက်ကို လမ်းဆုံမြို့မှာ ဖွင့်လှစ် ခဲ့တာပါ။ စာပေသိုက် စာကြည့်တိုက်ကို ကရုဏာ သွေးလှူရှင်များ(ပရဟိတ) အဖွဲ့ဖွဲ့ပြီး ၄နှစ် အကြာမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်း မှာတော့ စာကြည့်တိုက် လုပ်ဖို့ မဟုတ်ဘဲ၊ စာဖတ်အသင်း လုပ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ညဘက် သူငယ်ချင်းတွေ လက်ဖက်ရည် ဆိုင်မှာ ဆုံကြတော့ တစ်ယောက်ကို စာအုပ် နည်းနည်းစီ ယူလာပြီး စာဖတ် အသင်းလေး လုပ်ဖို့ဆုံးဖြတ် ခဲ့ကြတာပါ။ နောက်ပိုင်း လူငယ်တော်တော် များများ စိတ်ဝင်စား လာပြီး အဖွဲ့ဝင် လူငယ် ၃၀ အထိ ရှိလာပါတယ်။ အဖွဲ့ဝင်တွေဟာ တစ်လကို ၃၀၀ ကျပ်စီ စုကြပြီး၊ စာကြည့်တိုက် အတွက် လိုအပ်တဲ့ စာအုပ်တွေကို ၀ယ်ယူ စုဆောင်းပါတယ်။

အဲဒီလို စာကြည့်တိုက်ရဲ့ သတင်းတွေဟာ ပျံ့နှံ့လာတဲ့ အခါ စိတ်ဝင်စားသူ အလှုရှင်တွေ ပေါ်ပေါက်လာပြီး၊ စာအုပ်တွေ အပြင် ငွေသားတွေလည်း လှူဒါန်း ကြပါတယ်။ အခု ဆိုရင်တော့ စာအုပ်လေး ၂၀၊ ၃၀ ကနေ စာအုပ်ပေါင်း ၃၅၀၀ ခန့်ရှိလာပြီး၊ စာကြည့်တိုက် လေးမှာ စာထိုင် ဖတ်စရာ နေရာ ထိုင်ခင်းနဲ့ စာအုပ်စင် စတဲ့ ပရိဘောဂ ပစ္စည်းတွေလည်း အထိုက်လျောက် ပြည့်စုံလာပြီ ဖြစ်ပါတယ်။

(ဒီနယ်ဘက် တွေမှာ စာကြည့်တိုက် ဆိုရင် ဆိုင်းဘုတ်ပဲ ရှိပြီး၊ စာအုပ်တွေကို သော့ခတ် သိမ်းထားတာက ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေတယ်။ အခုနောက်ပိုင်း လူငယ်တွေက စာဖတ်အား နည်းလာသလို၊ စာဖတ်အား နည်းတော့ သူတို့တွေမှာ အတွေး အခေါ်ပါ အားနည်းလာပြီး အနာဂတ်ပါေ၀၀ါးလာမှာ စိုးရတယ်။ သူတို့ကို စာဖတ် လာစေချင်တယ်၊ အတွေး အခေါ်တွေ ကောင်းလာ စေချင်တယ်။

ဒါကြောင့်လည်း စာပေသိုက် စာကြည့်တိုက်ကို လုပ်ဖြစ် ခဲ့တာပါ” လို့ ကိုရန်နိုင် (ရန်ငြိမ်းသူ၊ တန့်ဆည်၊) ကဆိုပါတယ်။ စာပေသိုက် စာကြည့် တိုက်လေးဟာ အခုဆိုရင် လူငယ်တွေ ကိုယ်တိုင် ဦးဆောင်ပြီး၊ အချိန်ပိုင်း ဖွင့်လှစ်ကာ စာတကယ် ဖတ်လို့ရတဲ့ စာကြည့်တိုက်လေး တစ်ခု ဖြစ်နေပါပြီ။ လမ်းဆုံမြို့ရဲ့ အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့နယ်တွေ၊ ကျေးရွာတွေ မှာလည်း စာကြည့်တိုက်တွေ ဖွင့်လှစ် နိုင်အောင်လည်း ကူညီပေးပါ သေးတယ်။

စာကြည့်တိုက် အသစ်တစ်ခု စတင်ဖွင့်လှစ် နိုင်အောင် ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့ကနေ မတည်ငွေ ၅သောင်း ကျပ်နဲ့အတူ စာအုပ်၊ ဂျာနယ် ၁၀၀ ကျော်ကို လှူဒါန်းပေးလေ့ ရှိပါတယ်။ အခု အချိန်ထိ ဖွင့်လှစ် ပေးပြီးခဲ့တဲ့ စာကြည့်တိုက် ၂၀ ကိုလည်း လစဉ် ၅၀၀၀ ကျပ်နှင့် မြတ်မင်္ဂလာ၊ ဓမ္မရိပ်၊ အပ္ပမာဒ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းတို့ အပြင် ကလေးများ အတွက်လည်း ပူတူတူလေး၊ ရဲမာန်စတဲ့ စာအုပ်တွေကို လှူဒါန်းပေးလျက် ရှိပါတယ်။ “အဲဒီလို မတည် ပေးဖြစ်တာက နေရာ အနှံ့မှာ စာကြည့်တိုက် လေးတွေ ရှိလာ စေချင်တယ်။ လူငယ်တွေ ကိုလည်း အဲဒီလို ပံ့ပိုးပေးပြီး စိတ်ပါလာအောင် စည်းရုံး ရတာပေါ့။ အဲဒါကြောင့် မတည်လှုဒါန်း ပေးမယ့် အလှူရှင် တွေရဲ့ အခန်း ကဏ္ဍက အရေးပါ ပါတယ်”လို့ ကိုရန်နိုင်က ပြောပါတယ်။

ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့ဟာ လမ်းဆုံမြို့ အပါအ၀င် ပတ်ဝန်းကျင်ရှိ ကျေးရွာတွေ၊ မြို့နယ်တွေ မှာလည်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေကို နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက် ရောက်တိုင်း ဖွင့်လှစ်ပေးလေ့ ရှိပါသေးတယ်။ ဒီဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေဟာ မျိုးဆက်သစ် ဗုဒ္ဓ ဘာသာဝင်တွေ ဗုဒ္ဓ ဘာသာရဲ့ အခြေခံ သဘောတရား တွေကို သိလာအောင်၊ အတွေးအခေါ် အယူ အဆတွေ မှန်ကန်လာအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေကို ဘုန်းကြီးကျောင်း ၀င်းတွေ ထဲမှာပဲ ဖွင့်ဖြစ်တာမို့ နေရာ အခက် အခဲတော့ မရှိပေမယ့် အင်္ဂလိပ်စာ၊ သမိုင်းနဲ့ ကျောင်းသင်ခန်းစာ မဟုတ်တဲ့ ပြင်ပ ဗဟုသုတ တွေကို လိုက်လံ သင်ကြားပေးမယ့် ဆရာတွေ ကိုတော့ ရှာပေး ရတယ်လို့ဆိုပါတယ်။

အဲဒီအပြင် ဒီလူငယ် ပရဟိတ အဖွဲ့က ဦးဆောင်ပြီး စာပေ ဟောပြောပွဲ ၃ ကြိမ်၊ တရားပွဲ ၉ ကြိမ်တို့ကိုလည်း ကျင်းပပေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လမ်းဆုံလူငယ် ပရဟိတ အဖွဲ့ဖွဲ့ပြီး ၉နှစ်ပြည့်တဲ့ နှစ်မှာပဲ ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့ကို ထပ်မံဖွဲ့စည်း ဖြစ်ခဲ့ပါတယ်။ ကရုဏာ သွေးလှုရှင်များ အဖွဲ့ကို ၂၀၁၀ခုနှစ်၊ ဇွန်လ ၉ရက်နေ့က စတင်ဖွဲ့စည်း ခဲ့တာပါ။ အဖွဲ့ခေါင်းဆောင် ကိုရန်နိုင် (ရန်ငြိမ်းသူ ၊တန့်ဆည်၊) ကလည်း ပုံမှန် သွေးလှု ဖြစ်နေသူ တစ်ဦး ဖြစ်ပါတယ်။

“ကျွန်တော် ၁၆ ကြိမ်မြောက် သွေးလှူဖြစ်တဲ့ အချိန်တုန်းက ဆေးရုံမှာ အေဘီသွေး လိုနေတဲ့ ကလေးတစ်ယောက် ရှိတယ်။ ကျွန်တော်လည်း သွေးလှုပြီး ၁၅ မိနစ်လောက်ပဲ နားပြီး သွေးလှူရှင်ကို လိုက်ရှာပေးတာ ည ၂ နာရီမှ ရတယ်။ ဆေးရုံကို ပြန်ရောက်တော့ နောက်ကျသွားပြီ၊ ကလေး အသက်ဆုံးရှုံး လိုက်ရတယ်။

အဲဒီလို လိုနေတဲ့ သွေးကို အချိန်မီ မရလိုက်လို့ အသက်ဆုံးရှုံး လိုက်ရတဲ့ ကလေးကို ကြည့်ပြီး ကရုဏာ သွေးလှုရှင် အဖွဲ့ကို စတင် ဖြစ်ခဲ့တာပါ” လို့ ကိုရန်နိုင် (ရန်ငြိမ်းသူ၊တန့်ဆည်၊) က ပြောပါတယ်။ တန့်ဆည်မြို့ နယ်ဆေးရုံမှာ သွေးလှူဘဏ် မရှိတာကြောင့်လည်း သွေးလှူရှင်အဖွဲ့ကို ချက်ချင်းလုပ်ဆောင် နိုင်အောင် ကြိုးစား ခဲ့တာပါ။ သွေးလို အပ်နေတဲ့ လူနာတွေ သွေးလိုလို့ အခက်အခဲ ဖြစ်ပြီး၊ အသက် ဆုံးရှုံးမှု မဖြစ်ရ လေအောင် သွေးလှုရှင် တွေကလည်း ၂၄ နာရီ လှူဒါန်း ပေးနိုင်ဖို့ ကြိုးစား ပေးကြပါတယ်။ သွေးလှုရှင် အဖွဲ့ကို စဖွဲ့စဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ ကတော့ သွေးလှုရှင်တွေ အားလုံးကို သွေးအုပ်စုတွေ ခွဲပေးရပြီး။
ဆက်သွယ် ရမယ့်လိပ်စာ၊ ဖုန်းနံပါတ်တွေကို မှတ်ထား ရပါတယ်။ သွေးလှုတဲ့ နေရာမှာလည်း အခက်အခဲ အချို့နဲ့ ကြုံရတတ် ပါတယ်။ ဆေးရုံက သွေးလိုလို့  ဆက်သွယ်လာတဲ့ အခါ သွေးလှူရှင် စာရင်းကို ကြည့်ပြီး၊ သွေးလှုရှင်တွေ ရှာပေးရတာ။ သွေးလှုရှင် တွေဟာ အနီး အနားက ရွာတွေမှာလည်း ရှိနေ တာမို့ ဆိုင်ကယ်နဲ့ လိုက်ခေါ် ပေးရတာတွေ အပြင် ညဘက်တွေမှာ သွေးလှူ ပေးရမှာ မျိုးနဲ့ကြုံရင် မိန်းကလေး တွေလည်း ပါနိုင်တာမို့ မိဘတွေ စိတ်ချအောင်လည်း အဖွဲ့ရဲ့ ဦးဆောင်သူ တွေက လိုက်ပြော ပေးရတာတွေ ရှိပါတယ်။

လမ်းဆုံ မြို့နဲ့တန့်ဆည် မြို့နယ်ဆေး ရုံဟာ ၂ မိုင်လောက် ဝေးတယ်လို့ သိရပါတယ်။ သွေးလှုရှင် တွေကို ဆိုင်ကယ်နဲ့ အကြို၊ အပို့ လုပ်ပေးရတဲ့ အတွက် ဓါတ်ဆီဖိုးနဲ့ သွေးလှုရှင်တွေ အတွက် လိုအပ်တဲ့ အစာ အာဟာရတို့ အတွက် ကုန်ကျ စရိတ်ကို အဖွဲ့ ရန်ပုံငွေနဲ့ပဲ သုံးစွဲတာဖြစ် ပါတယ်။ ကရုဏာ သွေးလှူရှင် အဖွဲ့က ချို့တဲ့သူ လူနာတွေ အတွက်လည်း လူနာ တစ်ယောက်ကို အနည်းဆုံး ၃သောင်းကျပ်စီ လှူဒါန်း ပေးတယ်လို့ သိရပါတယ်။

မြို့နယ် ဆေးရုံမှာ သွေးလှုဘဏ် မရှိတဲ့ အတွက် ကရုဏာ သွေးလှုရှင် အဖွဲ့ဟာ သွေးလိုအပ် နေတဲ့ လူနာတွေ အတွက်တော့ တကယ့်ကို မရှိမဖြစ် အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ နောက်ထပ် ကျန်းမာရေးနဲ့ ပတ်သက်လို့ လူနာတွေ အတွက် မရှိမဖြစ် လိုအပ်နေတဲ့ အောက်ဆီဂျင် ဗူးတွေကိုလည်း လှူဒါန်းဖြစ်ခဲ့ ပါသေးတယ်။ ဆေးရုံမှာက အောက်ဆီဂျင် ပေးတဲ့စက် တစ်လုံးပဲ ရှိတာကြောင့် လူနာတွေ အတွက် ဘယ်လိုမှ မလုံလောက် နိုင်ပါဘူး။ ရှိတဲ့စက် တစ်လုံးကလည်း မီးမလာရင် မပေးနိုင် ပြန်ပါဘူး။

အဲဒီအခါ အောက်ဆီဂျင် မလုံလောက် မှုကြောင့် အသက် ဆုံးရှုံးရတဲ့ လူနာတွေကို ထပ်ပြီးတွေ့လာ ရတာကြောင့် အောက်ဆီဂျင် ဗူးတွေကို လှူဒါန်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တန့်ဆည်မြို့ နယ်ဆေးရုံ ကနေ အရေးပေါ် လူနာတွေဟာ လိုအပ်ရင် မန္တလေးနဲ့ မုံရွာမြို့ တွေမှာ ရှိတဲ့ ဆေးရုံတွေကို ကားနဲ့သွားရပါတယ်။

အဲဒီလို သွားတဲ့အခါ လှူဒါန်းထားတဲ့ အောက်ဆီဂျင် ဗူးတွေကို အသင့် ဆောင်ထားပြီး အရေးပေါ် လူနာတွေ အတွက်လည်း ကူညီပေး နေနိုင်ပါပြီ။ ကရုဏာ သွေးလှူရှင် အသင်းဟာ အရေးပေါ် သွေးလှုဒါန်း ပေးခြင်း သာမက စုပေါင်း သွေးလှုဒါန်းမှု အနေနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ သွေးပုလင်းပေါင်း ၅၀၊ မုံရွာ ပြည်သူ့ ဆေးရုံကြီးမှာ စုပေါင်းသွေး လှုဒါန်းမှု ၂ကြိမ်၊ သွေးပုလင်း စုစုပေါင်း ၁၀၀ ကို လှုဒါန်း ပေးခဲ့ပြီး ဖြစ်ပါတယ်။ လမ်းဆုံလူငယ် ပရဟိတ အဖွဲ့အတွက် ချန်ထားခဲ့လို့ မရတဲ့ အကြောင်းအရာ တစ်ခုကတော့ တခြားလူငယ် ပရဟိတ အဖွဲ့တွေလို နာဂစ်မုန်တိုင်း ဒဏ်ခံ ခဲ့ရတဲ့ ဧရာဝတီ ဒေသမှာ သွားရောက် ကူညီခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
အဲဒီလို နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်း အတွက် ကူညီနိုင်ဖို့ မန္တလေးက ဗြဟ္မစိုရ် အသင်းကနေ တစ်ဆင့် ဆန်တစ်တင်း ခွဲအိတ် ၄၂ အိတ်၊ အ၀တ်အထည် ၅သောင်းကျော်၊ ငွေ ၁၁ သိန်းကျော်နဲ့ ဆေးပစ္စည်း များကို ဒေသခံ များရဲ့ အကူ အညီနဲ့ လှူဒါန်း နိုင်ခဲ့ပါတယ်။

အဖွဲ့ရဲ့ သက်တမ်း ကြာလာတာနဲ့အမျှ ကရုဏာ သွေးလှူရှင်များ(ပရဟိတ) အဖွဲ့ရဲ့ လူမှုရေး လုပ်ငန်း လုပ်ဆောင်နိုင်မှု ဟာလည်း ပိုမို ကျယ်ပြန့် လာခဲ့ပါတယ်။ အဖွဲ့ကို စတင် ဖွဲ့စည်းတဲ့ အချိန်မှာ အဖွဲ့ဝင် ၇၀ ခန့် ရှိခဲ့ပေမယ့် အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၂၉ ဦး အထိရှိ နေပါပြီ။ အခုလို ပရဟိတ လူမှုရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် ၅ လ တစ်ကြိမ်၊ အလှည့်ကျတဲ့ အဖွဲ့ဝင် အယောက် ၁၀၀ ဟာ တစ်နေ့ကို ၂၀၀ ကျပ် စုကြသလို၊  လူမှုရေး လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ပြင်ပက စေတနာရှင် တွေကလည်း လှူဒါန်း ကြပါတယ်။ တစ်လအတွက် အဖွဲ့ရဲ့ အထွေထွေ အသုံး စရိတ်ကို ချန်ထားပြီး၊ ကျန်တဲ့ ရန်ပုံငွေ တွေကို ဘဏ်မှာအပ်တဲ့ စနစ်နဲ့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ကရုဏာ သွေးလှူရှင်များ (ပရဟိတ) အဖွဲ့အကြောင်း လေ့လာပြီးတဲ့ အခါ ဒီအဖွဲ့က လူမှုရေး လုပ်ငန်းတွေကို တော်တော်လေး လုပ်နိုင်တာ တွေ့ရပါတယ်။ သတိ ထားမိတာ တစ်ခုကတော့ အဖွဲ့ရဲ့ ရန်ပုံငွေ ရှာတဲ့ ပုံစံပါ။ အဖွဲ့ဝင်တွေ စုကြတဲ့ တစ်နေ့အတွက် ၂၀၀ ကျပ် ဆိုတဲ့ ပမာဏဟာ တစ်ယောက်ချင်းစီ အတွက်လည်း ၀န်မပိ စေဘဲ၊ စုပေါင်းလိုက်တဲ့ အခါမှာလည်း တစ်နိုင်တစ်ပိုင် လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ အထိ ထိရောက်မှု ရှိတာကို တွေ့နိုင်ပါတယ်။

လူမှုရေး လုပ်ငန်း တွေကို စိတ်ပါဝင်စား ကြတဲ့ လူငယ် အဖွဲ့ဝင် ဦးရေ ပေါ်မှာလည်း မူတည်နေတာ ဖြစ်ပါတယ်။ တစ်ယောက်အားနဲ့ ယူသော်မရ တစ်သောင်းအားနဲ့ ယူသော်ရ၏ ဆိုတဲ့ အတိုင်းပါပဲ။ လူမှုရေး ပရဟိတ အဖွဲ့ တစ်ခုဟာ အခုလို အချိန်အတော် ကြာအောင် ဖြတ်သန်း နိုင်ဖို့ဆိုတာ မလွယ်ကူ ပါဘူး။ လူမှုရေး ပြဿနာ၊ ငွေကြေး ပြဿနာ စတဲ့ အခက်အခဲ ပေါင်းစုံကို အောင်မြင်ဖြတ်ကျော် နိုင်ခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်ကို အသိအမှတ် မပြုလို့ မရပါဘူး။

လမ်းဆုံလူငယ် ပရဟိတ အဖွဲ့နဲ့ အကြောင်း အမျိုးမျိုးကြောင့် ဆက်သွယ်ချင်တယ် ဆိုရင် အဖွဲ့ရဲ့ ဦဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုရန်နိုင် (ရန်ငြိမ်းသူ၊တန့်ဆည်၊)၊ ဖုန်းx၀၉ ၄၇၀ ၈၈၇၃၂ ကို ဆက်သွယ်နိုင်ပါတယ်။ နိုင်ငံရဲ့ အားတစ်ခုလို့ ဆိုရမယ့် အခုလို လူငယ် ပရဟိတ အဖွဲ့တွေ များစွာပေါ်ပေါက် လာနိုင်ဖို့ ဆန္ဒပြုရင်း။

ခင်ဆုမြတ်ထွန်း
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)


                               

ဒေသအလှ

      လူတစ်ယောက် ဘယ်အရပ်ဒေသကလဲဟုသိချင်ရင် အဲ့ဒီလူပြောတဲ့စကားလေသံကို ကြည့်ခြင်းဖြင့် ထိုလူ ဘယ်အရပ်ဒေသကဆိုတာ ယေဘုယျအားဖြင့်သိနိုင်ပါတယ်။ အဲ့ဒီစကားသံလေးများကို ဒေသိယစကားဟုခေါ်ကြပါတယ်။ ဘယ်အရာမဆို သူ့အလှ သူ့ဟန်ပန်ရှိကြပါတယ်။ ကိုယ့်ဒေသမှာ ပြောတဲ့စကားသံလေးများကို ကိုယ့်ဒေသ၀န်းကျင်မှာပြောရင်တော့ ကြားနေကြမို့ ဘာမှမခံစားပေမယ့် တခြားဒေသကိုရောက်ရင်ဖြင့် ရင်ထဲမှာတမျိုးခံစားရသလို ကိုယ့်မွေးရပ်မြေကိုလည်း လွမ်းမောရပြန်ပါ တယ်။ ဟုတ်တယ် ကို “ဟုတ်တာ ပ” တအားပြုလုပ်တယ်ကို သတ်တကုန် “ ပြုလုပ်တယ် လုပ်ကိုင်တယ်ကို ”လုပ်ဖွတ်တာကြီး  ” စသည့်စကားများကြားရင် အညာသား တန့်ဆည်နယ်သားဟု သိနိုင်ပါတယ်။နောက်ပီးတော့ လူတစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ရင်လည်း ဆဲဆိုပြီးတော့ နှုတ်ဆက်လေ့ရှိကြပါတယ်။ယောက်ဖကြီး နေကောင်းလား (ငါကိုင်တုတ်ပြီး) ….ဘယ်က ပြန်လာတာလဲ စသည်ဖြင့် နှုတ်ဆက်လေ့ရှိပါတယ်။ အများအမြင်တော့ ရိုင်းတယ်လို့ ထင်နိုင်ပေမယ့် ကိုယ့်ဒေသမှာတော့ တကယ်ရင်းနှီးလို့ ပြောကြတာဖြစ်ပါတယ်။ တန့်ဆည်နယ် အတွင်းမှာတောင် ကျေးရွာ အုပ်စု တစ်စုနဲ့တစ်စု စကားသံ လေယူလေသိမ်း သိပ်မတူတာတွေ့ရပါတယ်။ ဦးဇင်းတို့ နနွင်းတောရွာဝန်းကျင်မှာ ဟုတ်တာပ လို့ပြောရင် တောင်ခွင်လို့ခေါ်တဲ့ သစ်တောပေါက်တို့ဆီမှာ ဟုတ်သာပ လို့ခေါ်ဝေါ်သုံးစွဲ တာတွေ့ရပါတယ်။

တိုင်းမှာ စစ်ကိုင်း နယ်မှာ တန့်ဆည် လို့ နယ်မြေဒေသ ကျယ်ဝန်းမှုကို တင်စားခေါ်ထားပါတယ်။ တန့်ဆည်နယ်မြေ သတ်မှတ်မှုကို တန့်ဆည်နယ်အဆုံး ခေါင်းတုံး လို့လည်း သတ်မှတ်ထားတယ်။ ခေါင်တုံးရွာ ဆိုရင် တန့်ဆည်နယ်ရဲ့ အစွန်ဆုံးရွာလို့ သိရပါတယ်။ ဦးဇင်းတို့ နနွင်းတောရွာကိုလည်း အပျိုချောချော နနွင်းတော ဟု ကာရန်နဲ့ခေါ်ဝေါ်သုံစွဲတာတွေ့ရပါတယ်။

ဒီနေရာမှ ရွာရဲ့နောက်ခံသမိုင်း တစိတ်တဒေသကို တင်ပြချင်ပါတယ်။ ပုဂံခေတ်မှာ ပျူစောထီး ဆိုတာ လူတိုင်းလို သိရှိပါလိမ့်မယ်ပျူစောထီးက လေး နဲ့ပစ်လိုက်လို့ သေသွားတဲ့ အင်မတန်ကြီးမားတဲ့ ငှက်ကြီး ရှိတယ်ဆိုတာလည်း ပုဂံရာဇ၀င်သမိုင်းမှာ အထင်အရှား တွေ့နိုင်ပါတယ်။ အဲ့ဒီငှက်ကြီးကို တစ်နေ့လျှင် ပုဂံမြို့သူ အချောဆုံး တစ်ယောက်ကို နေ့စဉ် ဆက်သ ရပါသတဲ့။ နေ့စဉ်အပျိုချောတစ်ယောက် ဆက်သဖို့အတွက် ငှက်စာဆက်သ ဆော်သြော်ပေးရတဲ့ သူလည်းရှိသတဲ့။ တစ်နေ့မှာ ငှက်ကြီးကိုဆက်သဖို့ ပုဂံမြို့က အချောအလှတွေဟာ ကုန်သွားပါသတဲ့။ ငှက်ဆက်သသူ အထံမှာလည်း ချောမောလှပတဲ့ သမီးတစ်ယောက်ရှိသတဲ့။ အဲ့ဒီနေ့တော့ သူ့ သမီးအလှည့် ရောက်လို့ လာပါတော့တယ်။ ငှက်စာ ဆက်သတဲ့ ငှက်စာဆော်ကြီးလည်း ကိုယ့်သွေးကိုယ့်သားဆိုတော့ သူသမီးကို မဆက်သနိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ပုဂံမြို့နဲ့ဝေးတဲ့နေရာကိုထွက်ပြေးလာပါတော့တယ်။ ငှက်စာဆော်ကြီးမိသားစုဟာ တဖြေးဖြေးနဲ့ပြေးရင် အခုဦးဇင်းတို့ နနွင်းတောရွာဖြစ်လာမယ့် နေရာဒေသဆီ ရောက်လို့လာပါတော့တယ်။ ငှက်စာဆော်သမီးက အရမ်းလှပ တဲ့အတွက် သူက တဆင့် မျိုးဆက်ပြန့်လာတဲ့ နနွင်းတောသူ တွေလည်း ချောမောလှပ ရပါတယ် တဲ့။ ငှက်စာဆော်တို့အမျိုးဟာ ပုဂံခေတ် ပျူလူမျိုးများဖြစ်ကြပါတယ်။ ဦးဇင်းတို့ရွာသူ ရွာသားတွေလည်း ပျူ မျိုးဆက်များဖြစ်ပါတယ်။ ထင်ရှားတဲ့ အမှတ်အသားအနေနဲ့ကတော့ ရွာရဲ့ တောင်ဘက်မှာ အရိုးတောင်ဆိုတာ ရှိပါတယ်။ ပျူလူမျိုးတွေဟာ သေပြီးရင် အရိုးများကို အိုးထဲမှာ ထည့်ပီး ပရိသတ်များဖြင့် လှည့်လည်ပြီး မြေမှာမြုပ်ရပါတယ်။ ဦးဇင်းတို့ရွာက အသက် ၇၀ ကျော်အရွယ်လူများ ပြောပြမှုအရ ရွာအနောက် ပိုင်းမှ အဘွားအိုတစ်ယောက်သေဆုံးတဲ့အခါမှ နောက်ဆုံး ပျုရိုးရာဓလေ့အတိုင်း မီးသဂြိုဟ်ပြီး အရိုးအိုးကိုလူအများဖြင့်လှည့် လည်ကာ အရိုးတောင်မှာ မြုပ်နှံလိုက်တယ်ဆိုတဲ့ ပါးစပ်ရာဇ၀င်လည်း ကြားဘူးပါတယ်။ ဒီနေရာမှာ ပြောချင်တာက နနွင်းတောရွာ ဆိုတာနဲ့ အပျိုချော နနွင်းတောဆိုတာ သိရတယ်လို့ ပြောချင်တာပါ။ အခုတော့ ပြောင်းလွဲကုန်ပါပီ။ မျိုးဆက်တွေက ရောနှောကုန်လို့ပါ။ နနွင်းတောသားစစ်စစ်ဆိုရင်တော့ နဂိုအတိုင်းရှိပါသေးတယ်။ ရန်ကုန်မှာ ရွာမှ အလုပ်လုပ်နေကြသော လူငယ် အမျိုးသား အမျိုးသမီးများရှိပါတယ်။ သူတို့ကိုလည်း တခြားသူတို့ သိတဲ့ သူများက သူတို့ကို တိုင်းရင်းသား တိုင်းရင်းသူတွေ မဟုတ်လားလို့ ခဏခဏ အမေးခံပါတယ်တဲ့။ သူတို့ကလည်း ဟုတ်တယ် သမီးတို့က ပျူလူမျိုးဟု ပြန်ပြောကြပါသတဲ့။ နနွင်းတောရွာသူ စစ်စစ်ဆိုရင် လည်ပင်းမှာ ရွေလည်တိုင်လို့ခေါ်တဲ့ အရစ်သုံးရစ်ပါတာ တွေ့ရပါလိမ့်မယ်။ မယုံရင် နနွင်းတောသား သူ နဲ့တွေ့တဲ့အခါ ကြည့်ကြည့်ပါ။  ဦးဇင်း ရန်ကုန်မှာရှိစဉ် ညောင်လေးပင်က ဘုန်းကြီး တစ်ပါးနဲ့တွေ့ပါတယ်။ ဘယ်အရပ်ကလည်းဆိုတော့ တန့်ဆည်ကပါ။ ရွာကရောဆိုတော့ နနွင်းတောကဆိုတော့ … အော်… အပျိုချော နနွင်းတော ရွာက လားလို့ မေးခံရပါတယ်။ သီရိလင်္ကာမှာ လှတောရွာက ကိုယ်တော်နဲ့တွေ့တော့လည်း အဲ့ဒီအတိုင်းသိနေပါတယ်။ စာဖတ်သူများလည်း နနွင်းတောရွာကို ရောက်အောင် လာလည် ကြပါလို့လည်း ဖိတ်ခေါ်ပါတယ်။

နောက်ပီး ဦးဇင်းတို့ တန့်ဆည်သူ တန့်ဆည်သားများရဲ့ ချစ်စရာအလှအပတစ်ခုလည်း ရှိပါသေးတယ် အဲ့ဒါကတော့ တန့်ဆည်သူ တန့်ဆည်သားများဟာ တခြားနယ်မြေမှာတွေ့ရင် တကယ့်ညီအစ်ကိုမောင်နှမတွေလို ခင်မင်ကြတယ်လို့ ကြားဘူးပါတယ်။ အရပ်သားလူတွေတော့ မသိဘူး။ ဦးဇင်းတို့ တန့်ဆည်သား သံဃာတွေဟာ အပြင်တနေရာရာမှာတွေ့ရင် တကယ့်ညီအကို စိတ်ဓာတ်များရှိကြပီး ပိုရင်နှီးကြတာ တွေ့ရပါတယ်။ တန့်ဆည်နယ်သား သံဃာများဟာလည်း လှတောသားလေသံနဲ့ ပြောရရင် ပျိုးကြဲချထားတဲ့အတိုင်း နေရာတကာမှာ ရှိကြပါတယ်။ ရဟန်းသံဃာအများစု ပညာသင်ယူတက်ရောက်ကြသော နိုင်ငံအသီးသီး တက္ကသိုလ်အသီးသီးမှာ တန့်ဆည်သား များရှိပါတယ်။ ထင်းရှားတဲ့ သာဓက အနေဖြင့် ပြောရရင်တော့ အမေရိကန် တက္ကသိုလ်က ဒေါက်တာဘွဲ့ရ တစ်ဦးတည်းသော ဆရာတော်ဟာလည်း တန့်ဆည်နယ်သား ဆရာတော် ဦးဓမ္မပီယဖြစ်ပါတယ်။

အခုတင်ပြခဲ့သောအကြောင်းအရာများဟာ ဒေသတစ်ခုမှာ သူ့အလှ သူ့ဟန်ပန်ရှိကြတယ်ဆိုတာ တင်ပြခြင်းပါ။ စာရေး ဆရာ မဟုတ်တဲ့အတွက် စာအရေးအသား မကောင်းပါဘူး။ လိုအပ်သလို ပြင်ဖတ်ကြပါ။ ရာဇ၀င်များကတော့ ပါးစပ်ရာဇ၀င်များ ဖြစ်ပါတယ်။ ယုံချင်ယုံ မယုံချင် နေလို့ရပါတယ်။

 

ဦးဥာဏ (နနွင်းတော)


     နနွင်းတောကျေးရွာယဉ်ကျေးလိမ္မာသင်တန်းနှင့်ကုသိုလ်ဖြစ်ဆေးအလှု

တန့်ဆည်မြို့နယ်သူနယ်သားများ အားလုံး ကျန်းမာကြပါစေ.....တန့်ဆည်မြို့နယ် သီချင်းပါခင်ဗျာ..........

Taze Soungs.mp3

              taze city      ဧည့်မှတ်တမ်းလေးပါ   

                         တန့်ဆည်မြို့နယ်  တည်နေပုံ 

                တန့်ဆည်မြို့နယ်သည်စစ်ကိုင်းတိုင်းရွှေဘိုခရိုင်(၈)မြို့နယ်အတွင်းပါဝင်ပြီးမူးမြစ်

အနောက်ဘက်တွင်တည်ရှိသည်။

တန့်ဆည် ကရုဏာသွေးလှူ၇ှင်းများအသင်း(ပရဟိတ) နှစ်ပတ်လည်နေ့ စာပေဟောပြောပွဲ အမှတ်တရ

ကရုဏာသွေးလှူရှင်များအသင်း
       ကရုဏာသွေးလှူရှင်များအသင်း မှ တန့်ဆည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့
       အဟာရဒါနနှင့်ငွေကြေးထောက်ပံ့မှု အမှတ်တရ

                             စာပေဟောပြောပွဲ မှတ်တမ်းများ      

        တန့်ဆည်မြို့၊လမ်းဆုံ ပေါ်ဦးရပ်ရှိ"စာပေသိုက်စာကြည့်တိုက်" (၇)နှစ်ပြည့် အထိမ်းအမှတ်   ဇန္န၀ါရီ (၄)   ရက် နေ့ညတွင် ဆရာကျော်ရင်မြင့် ၊ဆရာဇော်ခိုင်ဦး ၊ဆရာလင်းသိုက်ညွန့်(မြန်မာမြေ) တိုမှ ဗဟုသုတဖြစ်ဖွယ် စာပေရေးရာများကို ဟောပြောကြခဲ့ကြသည်။

 

taze city နှင့်ပတ်သက်၍ သတင်းအချက်အလက်များ နှင့် အကြံဥာဏ်များပေးလိုပါက aktaze@gmail.com (သို့မဟုတ်)ဖုန်း ၀၉-၄၀၀၅၅၁၆၅၂ သို့ဆက်သွယ်နိုင်ပါသည်။
 
 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola